Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀

A+ A-

Unicode…..

ဟင်….ဘယ်လိုတွေလဲ
ဟယ်ရီရဲ့ကိုငယ်ဆိုတာ ကိုရှိုင်းဖြစ်နေတာလား.တူလေးဆိုတာကလည်း ရှိုင်းလေး.အနေဝေးအောင်ရှောင်ပါတယ်ဆိုမှတည့်တည့်လာတိုးရလား …..
စစ်ခွန်းသာရယ် မင်းဘဝကလည်း တကယ်လွယ်ကူမနေပါ့လား……

” ကိုကို
ဝါး…ပျော်လိုက်တာ ဦးမြတ်ရဲ့ သူငယ်ချင်းဆိုတာ ကိုကိုဖြစ်နေတာလား….ရေး……ရေး….ပျော်လိုက်တာ
ကိုကိုချောချော ဖြစ်နေတာ..😂”

” အော်…အင်း…….😞”

ကိုရှိုင်းကို တစ်ချက်ကြည့်လိုက်တော့ သူက ကျွန်တော့်ကိုတောင်ကြည့်မနေဘူး 😔

“ဟင် ပိစိလေးနဲ့ ခွန်းနဲ့က သိနေတာလား..”

” အော်…ငါနဲ့ ကိုရှိုင်း နဲ့က အလုပ်အတူတွဲလုပ်နေတာလေ “

” အော်…. အဆို ပိုကောင်းသွားတာပေါ့
မင်းနဲ့ကိုငယ် ကလည်း သူစိမ်းမဟုတ်ပိစိလေးနဲ့လည်းရင်းနှီးပြီးသားဆိုတော့ လုံးဝအဆင်ပြေသွားပြီကွ”

” ………..”

ကားပေါ်     သီချင်းတွေဖွင့်ပြီး  အားလုံး တကယ်ကိုပျော်ရပါတယ်
ဟယ်ရီဖုန်းထဲကသီချင်းတွေနားထောင်နေရင်း တစ်ချိန်တုန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းလေးတစ်ပုဒ်

” Put your hand in mine”
(မင်းလက်ကို ငါ့ရဲ့လက်ပေါ်တင်ထားလိုက်ပါ)

“You know that i want to be with you all the time “
( ငါမင်းနဲ့ အချိန်တိုင်း အတူတူရှိနေချင်တာ မင်းသိပါတယ်)

” You know that i won’t stop until i make you mine “(2)
( မင်းကိုငါ ပိုင်ဆိုင်တဲ့အထိ မရပ်တန့်ဘူးဆိုတာ မင်းသိပါတယ်)

“Until i make you mine”
( မင်းကိုပိုင်ဆိုင်တဲ့အထိငါလုပ်သွားမှာပါ)

” ကိုကို…”

” ဟင်…”

” အဲ့သီချင်းထဲကလို  ကိုကိုက ကလေးကို ပိုင်ဆိုင်ဖို့  တကယ်ကြိုးစားမှာလား “

” ဟ..ဟ…ကိုကို ​ဖြေစရာလိုသေးလို့လား..
ဟော့ဒိက ကလေးလေး ကိုပိုင်ဆိုင်ဖို့
ကိုကိုက ဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားမှာပါဗျာ………. “

“တကယ်နော်….. 😍”

” တကယ်ပါဗျ…. 😘 “

တစ်ချိန်က ကားလေးတစ်စီးပေါ်မှာပျော်ရွှင်ချင်းတွေနဲ့ ပြည့်နှက်နေရတဲ့ လူငယ်လေး နှစ်ယောက်…..

ယဥ်ရပ်နားစခန်း……

” ပိစိလေး ဘာစားမှာလဲ…”

” သားသား ထမင်းကြော်ပဲစားမှာ”

” ပိစိလေး ကလည်း ဒီချိန်ကြီးထမင်းကြော်စားရင် ရင်ပြည့်မှာပေါ့ “

” ဖေဖေကြီးက လည်း ဘာဖြစ်လဲ
အရင် လည်း စားနေကြပဲကို “

” တော်ပါ ကိုငယ်ရာ ပိစိလေးစားချင်တာပဲ ကျွေးလိုက်ပါ ဘာမှာမဖြစ်ပါဘူး”

ကိုရှိုင်းနဲ့ ပိစိလေးကတစ်ဖက်
ကျွန်တော်နဲ့ ဟယ်ရီနဲ့က တစ်ဖက်

” သားသားစားချင်ရင်စားလေ ကိုကိုလည်း အဒါပဲစားမှာ “

” ဟုတ်….. “

ထမင်းစားနေရင်း

” ခွန်း မင်းကလည်းကွာ ကလေးကျနေတာပဲ ပါးစပ်မှာပေနေတယ်လေ..”

” ဘယ်…ဘယ်နားမှာလဲ”

” လာ…ငါလုပ်ပေးမယ်”

ကျွန်တော်. နှုတ်ခမ်း နားကို သူ့ လက်နဲ့ သုတ်ပေးတော့

” ကျေး…ကျေးဇူးပဲ..”

” ကိုကို ကလည်း ကလေး ကျနေတာပဲ
သားသားတောင်မပေဘူး ..😁 “
.
.
.
.
.
.
.
.
မကွေးမြို့ ရောက်တော့ ဟိုတယ်မှာပဲ နေဖြစ်ကြတယ်.ဂျပန်မှာလဲ နေနေကြဆိုတော့ကျွန်တော်နဲ့ ဟယ်ရီက တစ်ခန်းထဲအတူနေတယ်.မနက် ၆ နာရီလောက်က ထွက်လာတာ အခုညနေ ၄ နာရီကျော်လောက်ရောက်တော့ ရေမိုးချိုးထမင်းစားပြီး  ကိုယ့်အခန်းမှာပဲ နားဖြစ်ကြတယ်.ည ၉ နာရီလောက်ရောက်တော့ ဟယ်ရီက ညနေက ရေမချိုးဖြစ်လို့ အခုချိုးမယ်ဆိုပြီး အိကျီချွတ်​ဘောင်ဘီတိုနဲ့ ရေချိုးခန်းထဲဝင်မယ်လုပ်တုံး…..

တီတောင်………….

” ဒီချိန်ကြီး ဘယ်သူလဲမသိဘူး..”

” နေနေ….ငါသွားလိုက်မယ်…”

” ဟင် ကိုငယ် ဒီချိန်ကြီးဘာဖြစ်လို့”

” အော်…မင်းတို့…..
မင်းတို့နှစ်ယောက်ကိုဖုန်းခေါ်တာ မကိုင်လို့လေ…..အာ့ကြောင့် အခန်းဘက်လာလိုက်တာ…”

” အာ…ကျွန်တော်တို့ဖုန်းနှစ်လုံးလုံးအားသွင်းထားလို့…”

” အေး….မနက် ၇ နာရီလောက်
မနက်စာစားပြီး မင်းဘူး ဘက်ကို စောစောသွားရအောင်လို့လာပြောတာ
တော်ကြာမင်းတို့နောက်ကျနေမှာဆိုးလို့…”

” OK.”

” ကိုရှိုင်း လား..”

” အင်း မနက်ကျ ၇ နာရီလောက်စောစောသွားအောင်တဲ့”

နောက်နေ့…

” ဝါး လှလိုက်တာ
ဖေဖေကြီး ဒီနေရာကတကယ်မိုက်တယ်….အား..ပျော်စရာကြီး…
ကိုကို..သားသားတို့ရေထဲဆင်းရအောင်လေနော်….နော်….”

” ခနလေး…ပြီး ရင်ဆင်းမယ်လေ
အခုကိုကိုတို့ နေဖို့ အရင်ရှာလိုက်ဦးမယ်…နော်..”

အဝေးမှာမငှားဘဲ ချောင်းဘေးက အဆောင်တန်းမှာပဲ နီးအောင်လို့ငှားလိုက်တယ်.ဘုရားဖူးရာသီဆိုတော့ အဆောင်တွေအားလုံးနီးပါးလူတွေပြည့်နေတော့ အားလုံးစုပြီးတစ်ခန်း ပဲငှားလိုက်တယ်…

” ရေး……ကိုကိုဒီမှာကြည့်
ဒီမှာ ကျောက်ခဲသေးသေးလေးတွေ

ကိုကိုဒီမှာကြည့်…….

ကိုကို….

ကိုကို……..”

” သားသား ကိုကိုကို မပတ်နဲ့လေကွာ”

” ပတ်မှာပဲ… ဟီ😁 💦💦💦💦”

ရေကတောင်ကျရေဆိုတော့ အေးပြီး နေလို့လည်းကောင်း.စီးရေဆိုတော့
သန့်လည်းသန့်  သားသားကတော့ တော်တော်သဘောကျနေတယ်ထင်တယ်.ဟိုနှစ်ယောက်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ဘာတွေပြောနေမှန်းမသိပြောတော့ပြောနေကြတာပဲ..”

” ကိုငယ်….ဘယ်လိုနေလဲ”

” မင်းက ဘာကိုမေးနေတာလဲ “

” ဟာ…ကိုငယ်ကလည်း သိတယ်သားနဲ့….ကိုငယ်မျက်လုံးထဲမှာ သူ့ကို ဘယ်လိုမြင်လဲလို့.မေးနေတာလေ…”

” မင်းပြောချင်တာက…..”

” ဟုတ်တယ်…. ကျွန်တော် သူ့ကိုကြိုက်တယ်….မဟုတ်ဘူး…ကြိုက်တာထက်ပိုတာ   ချစ်တာ
အရမ်းကိုချစ်တာ”

” မင်း….မင်း…ခနတာ အထင်မှားတာပဲနေမှာပါ……😞
မင်းက မိန်းကလေးတွေထည်လဲတွဲပြီး ရိုးသွားလို့  ယောက်ကျားလေး တစ်ယောက်အပေါ် ခနတာ စိတ်ယိုင်သွားတာပဲဖြစ်မှာပါ”

” မဟုတ်ဘူး ကိုငယ်..
ကျွန်တော် ဒီဆုံးဖြတ်ချက်အဖြေကိုလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး..
အချိန်ကြာကြီး ဆန်းစစ်ပြီး ကိုယ်ကို့ကို နားလည်းနိုင်ဖို့ မနည်းကြိုးစားပြီးမှရလာတဲ့အဖြေ…
ကျွန်တော်လည်းယောက်ကျားလေး
တစ်ယောက်ကို စိတ်ဝင်စားနေတာ သိရတော့ လက်ခံဖို့မလွယ်ကူခဲ့ဘူး
ဒါပေမဲ့ နောက်ဆုံးမှာတော့ သေချာသွားခဲ့တယ်…ကျွန်တော်ခွန်းကိုချစ်တယ်ဆိုတာ….ယောက်ကျားလေး တိုင်းကို စိတ်ဝင်စားတာမဟုတ်ဘဲ ခွန်းတစ်ယောက်ထဲကိုပဲ ချစ်တာ “

” ……. ….”

” ကိုငယ်ရော ဘယ်လိုမြင်လဲ
ကိုကြီးတို့ ဖေဖေတို့လိုမျိုး ကျွန်တော့်ကို လက်မခံနိုင်ဘူးလား…”

” ဖေဖေတို့ ကိုကြီးတို့ကော သိပြီးသွားပြီလား..”

” မဟုတ်ပါဘူး…စကားအရပြောတာပါ
ကိုငယ်ကရော အလိုလုပ်မှာလားလို့…
ကျွန်တော်ကတော့.. အားလုံးက လက်မခံ နိုင်ရင်တောင် ကိုငယ်ကတော့ လက်ခံပေးစေချင်တယ် 😔”

” မင်း ကသာ အလိုပြောနေတာ
ခွန်းလေး…စစ်ခွန်းသာ   ဘက်ကရော
မင်းအပေါ်ဘယ်လိုလဲ….”

” ဟင်း……သူကတော့ ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်ထဲ မပိုဘူးထင်တယ်…..
ဒါမဲ့လည်း   ကျွန်တော် ကြိုးစားမှာပါ
ကျွန်တော့် အချစ်တွေကို သူ မြင်လာနိုင်တဲ့နေ့အထိ…..”

” ……….. “

ရှိုင်းခေတ်…..

ဖုန်း ကြည့်နေရင်း နေ့လည်က
မင်းမြတ် ပြောတဲ့ စကားတွေကိုပြန်တွေးကြည့်တော့….
လိုက်ဖက်ပါတယ်…မင်းတို့နှစ်ယောက်သာဆိုတကယ်ကို လိုက်ဖက်တဲ့သူတွေဖြစ်မှာပါ.

ကျွန်တော့်အသက် ၇ နှစ် မေမေဆုံးလို့  ဘယ်ကမှန်း မသိတဲ့လူတစ်​ယောက်က အဖေပါဆိုပြီး သူ့အိမ်ကိုခေါ်သွားတယ်.အဲ့ကနေစတာပါပဲ…မေမေနဲ့နေတုန်းက အိမ်ရှေ့မှာ ကွမ်းယာဆိုင်လေးဖွင့်ထားပြီး ရလာ တဲ့ပိုက်ဆံလေးနဲ့
မေမေနဲ့ကျွန်တော်သားမိနှစ်ယောက် ရှိတာလေးနဲ့ဝအောင်စားပြီး တကယ်ကိုပျော်ရွှင်ခဲ့ရတယ်.

တစ်နေ့… မေမေမှာ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးဖြစ်လာတော့ မေမေက တစ်နေ့နဲ့တစ်နေ့ပိန်ပိန် လာပြီး မျက်နှာတွေပိုပိုကျလာတယ်.

” မေမေ.. မေမေ ကွမ်းမရောင်းပါနဲ့တော့လား…..မေမေလည်း ကျန်းမာရေးကောင်းတာမှမဟုတ်တာ
အိမ်ထဲမှာပဲနားနေလေ
သားသား ကျောင်းက ထွက်ပြီး အိမ်မှာပဲ ကွမ်းယာရောင်းနေမယ်လေ…”

” မဟုတ်တာ သားရယ်
အဟွတ်…..အဟွတ်…..”

“မေမေ…ရေ…ရေနွေး လေးသောက်လိုက်”

ကျွန်တော့် မျက်နှာ ပေါ် လက်လေးတင်ပြီး…

” မေမေကလေ……မေမေပညာမတတ်ခဲ့ရလို့…… မေမေ့သားကိုတော့ ပညာတတ်ကြီးဖြစ်စေချင်တာ….
အဟွတ်…..အဟွတ်……
တကယ်တော့လေ…..သားသားရဲ့ ဘဝက ဒီလို…. ဒီလို အခြေနေမျိုးမှာ နေရမဲ့ဘဝမဟုတ်ဘူး…..
အဟွတ်…….”

” မေမေ အရင် ဆေးသောက်ပြီး ခန နားနေလိုက်လေနော်…”

” အင်းပါ “
.
.
.
.
.
.
.
.
.
.
မနက်အိပ်ရာ ထတော့ မေမေမရှိတာနဲ့

” မေမေ….မေမေ…….မေမေရေ……”

” သားရယ် မေမေကို ဘာလို့ အလောက်တောင်ခေါ်နေရတာလဲ”

” မေမေ သားလန့်သွားတာပဲ မေမေ ဘယ်ပျောက်သွားတာလဲလို့…..”

” မေမေက သားကိုထားပြီး ပျောက်သွစရာလား…
မေမေ ဖုန်းဆက်စရာလေးရှိလို့ပါကွယ်”

” မေမေ…မေမေ ဆေးရောသောက်ပြီးပြီလား….”

” မသောက်ရသေဘူး…သားရဲ့ “

” ခနစောင့်နော်….. သားသား သွားယူပေးမယ်…..”

အိမ်နောက်ကဆေးနဲ့ ရေယူလာပြီးအိမ်ရှေ့ရောက်တော့…

ခွမ်း……….( ဖန်ခွက်ကွဲသံ)

ပါးစပ်က သွေးတွေထွက်ပြီး လဲကျနေတဲ့မေမေ……

‘” မေမေ ….မျက်လုံး မျက်လုံးဖွင့်ကြည့်ပါဦး…….
မနောက်ပါနဲ့မေမေရာ….😭
မေမေ..မေမေပဲ…သား…သားကို
ဘယ်တော့မှထားမသွားပါဘူးဆို………မေမေ…..မေမေ….😭😭😭  “

.
.
.
.
.
.
.
.

.
.
.
.
.
ရပ်ကွက်ထဲက လူတွေရဲ့ အကူညီနဲ့
မေမေ့ ရက်လည် ပြီးတဲ့နေ့မှာမွေးထဲက အဖေဆိုတာ ဘယ်သူမှန်း မသိအဖေ့အကြောင်း တစ်ခါမှမကြားဖူးတဲ့ ကျွန်တော့်ကို    ကျွန်တော့်အဖေပါဆိုပြီး ဦးလေးကြီး တစ်ယောက်လာခေါ်တယ်.
အိမ်ရောက်တော့အိမ်ကြီးက ခမ်းနားလိုက်တာ…ကျွန်တော့် စိတ်ကူးနဲ့တောင်မှန်းလို့မရတဲ့ အိမ်ကို ရောက်တော့….ကျွန်တော်နဲ့ရွယ်တူလောက် ကလေးနှစ်ယောက်ရယ်.မျက်နှာတည် အဝတ်စား  အထက်တန်းကျကျ ဝတ်ထားတဲ့ မေမေတို့အရွယ် အန်တီကြီးတစ်ယောက်ရယ် ဝတ်စုံဆင်တူနဲ့ အစ်မကြီး ၃ ယောက်လောက်ရယ်( အိမ်အကူ)

” ကဲ…သား….
ဒါက အန်တီ ရွှေရည်ဝင်းတဲ့
သားရဲ့ မေမေ အသစ်ပေါ့..
ဒါက သားရဲ့ အစ်ကိုကြီး မင်းထက်
ဒါကတော့ သားရဲ့ညီလေးပေါ့   မင်းမြတ်တဲ့….
ကဲသားတို့ ဒါကတော့ သားတို့ရဲ့ ညီလေးအသစ်…ရှိုင်းခေတ်တဲ့….ညီလေးကိုသေချာဂရုစိုက်ကြနော်”

မင်းထက်..” ဟုတ်ကဲ့ 😏”

မင်းမြတ် ” ဟုတ်ကဲ့ပါ ဖေဖေ 😁”

” သားလတ်နေရမဲ့အခန်း လိုက်ပြလိုက်ကြ “

” ဟုတ်ကဲ့ပါသခင်ကြီး
အကိုလေး…ကျွန်မနဲ့လိုက်ခဲ့ပါ..”

အိပ်ရာပြောင်းရင် အိပ်မပျော်တဲ့ ကျွန်တော့်အတွက် တော်တော်နဲ့အိပ်မပျော်ခဲ့ ဘူး.ရေဆာလို့ အခန်းထဲ ရှာကြည့်တော့လည်း ရေနဲ့တူတာမရှိဘူး.အခန်းကထွက်ပြီး လျှောက်လမ်းတစ်လျှေက်လျှောက်လာရင်း…အခန်းတစ်ခုရှေ့ရောက်တော့

” ရှင်ကျွန်မကို မိန်းမ လို့ရော သတ်မှတ်သေးရဲ့လား….”

” မင်းတော်လိုက်တော့နော်..”

ကျွန်တော်အဖေနဲ့ မေမေအသစ်ဆိုတဲ့ အန်တီတို့ စကားများနေကြတယ်ထင်တယ်….

” အဆို ရှင်လုပ်တာက သိပ်မှန်နေတယ်ပေါ့….ဟင် ဟုတ်လား
ဦးမင်းခန့်ဇော်…. ဘာမဟုတ်တဲ့ အပျော်မယ် မယားငယ် တစ်ယောက် ကမွေးလာတဲ့ ကလေးကို အိမ်ပေါ်ခေါ်တင်လာတာကျ ရှင်သိပ်မှန်နေတယ်ပေါ့…..”

” မင်းတော်လိုက်တော့နော်……မဟုတ်ရင် ငါက အမေဆုံးလို့ ဒုက္ခရောက်နေတဲ့ အရွယ်မရောက်သေးတဲ့ကလေး တစ်ယောက်ကို ဒီတိုင်းပဲထားရမှာလား
ပြီးတော့ သူက ငါ့သားပါ…..ငါ့သားအရင်းပါ….”

” အို……..မသိဘူး….ကလပ်မှာ အလုပ်လုပ်တဲ့ အောက်တန်းစားမရဲ့ ကလေးကိုတော့ ကျွန်မ သားအဖြစ်ဘယ်လိုမှမသတ်မှတ်နိုင်ဘူး  ….”

” မိရွှေရည် မင်းကွာ…….မင်း…😬 “

မဟုတ်ဘူး ကျွန်တော့်မေမေက အလိုမဟုတ်ဘူး….အလိုမိန်းမမျိုး မဟုတ်ဘူး…😭😭😭😭

.
.
.
.
.
.
.
.
.
.
မေမေဝယ်ပေးတဲ့စက်ရုပ်လေးနဲ့ အခန်းထဲမှာ တစ်ယောက်ထဲ ကစားနေရင်း…အခန်းထဲကို ကျွန်တော့်အကိုဆိုသူနဲ့ ညီလေးဖြစ်သူဝင်လာတယ်…..

” ဟေ့ယောက်….မင်းအရုပ်ပြစမ်း”

ကိုကြီးက မေးတော့…

” ဟေ့ရောင် ပြစမ်းလို့ပြောနေတယ်လေ
မင်းနားမကြားဘူးလား
ကန်းနေတာလား…… “

အတင်းဆွဲလုတော့..

” မလုပ်ပါနဲ့..မယူပါနဲ့
ဒါ…ကျွန်တော်….ကျွန်တော့် မေမေဝယ်ပေးထားတာမို့ပါ…😥”

” ဟင်..ဒီလောက် အပေါစားကိုများ….
အလိုအပေါစားက ဒီလို… ဒီလိုလုပ်ပစ်ရမှာကွ..”

စက်ရုပ်ကို  တစ်စစီချိုးဖဲ့နေတဲ့ ကိုကြီးကြောင့်…..

” မလုပ်ပါနဲ့
သားအရုပ်ကို မလုပ်ပါနဲ့….
မေမေဝယ်ပေးထားတာမို့ပါ😭😭😭
မလုပ်ပါနဲ့ သားတောင်းပန်ပါတယ်😭😭မလုပ်ပါနဲ့ “

” ဟေ့ရောင် မင်းဒီထဲဝင်.. “

အဝတ်စား ဗီရိုထဲကို ဝင်ခိုင်းတော့ ကျွန်တော်လည်း သူ့ကိုကြောက် တော့ သူဝင်ခိုင်းတဲ့ အတိုင်းဝင်နေတော့

” ဟုတ်တယ် ငကြောက်ကောင်က အလိုစကားနားထောင်မှပေါ့
မင်းလို ကောင်မျိုးက ဒီလိုအခန်းနဲ့ပဲတန်တာ..ငကြောက်ကောင် ထွက်မလာနဲ…  ဂျိန်း……(တံခါးပိတ်သံ)”

” ကိုကြီး…မလုပ်ပါနဲ့
ဒီထဲမှ ကြောက်စရာကြီး
ကျွန်တော်မနေရဲဘူး….
ကိုကြီး….တံခါးဖွင့်ပေးပါ…ဟီး😭😭”

“ညီညီ…လာသွားမယ်…”

.
.
.
.
.

(မေမေ သား..ဒီအိမ်မှာမနေချင်ဘူး
သားသားကိုကယ်ပါ
သားသားအရမ်းကြောက်တယ်…)

ဂျိ.. ( တံခါး ဖြေးဖြေး ဖွင့်သံ )

ညီလေး ဆိုတဲ့သူ သူကရော  သူကရောကျွန်တော့ကို ဘာလုပ်ဦးမှာလဲ
သားကြောက်တယ် မေမေ…
မေမေသားကြောက်တယ်..

” ကိုငယ်…..ကိုကို ထွက်ခဲ့လေ”

ချစ်စရာကောင်းတဲ့မျက်ဝန်းလေးတွေနဲ့ ကျွန်တော့်ကို လက်ကမ်းလာတယ်..

” ကိုငယ်…ကိုငယ်မကြောက်နဲ့နော်….
လာ ထွက်ခဲ…နော်..”

ကျွန်တော်ထွက်လာတော့…

” ရော့…ကိုငယ်လန့်သွားတာဆိုတော့ ရေသောက်လိုက်နော်….”

ရေသောက်ပြီးတော့…

” ကိုငယ် ကိုငယ် မငိုနဲ့နော်….
သားသားကလေ ဒီလိုအရုပ်ဆက်တာအရမ်းတော်တာ…..ကိုငယ်မေမေဝယ်ပေးတယ်ဆိုတဲ့အရုပ်လေး သားသားပြန်ပြင်ပေးမယ်နော်..
အာ့ကြောင့်ကိုငယ်… ငိုနဲ့နော်…😁”

ဒီအိမ်မှာ ကျွန်တော့်ကိုမေတ္တာပေးတဲ့ တစ်ဦးတည်းသောညီလေး…….
ကိုကြီးဆိုတဲ့သူနဲ့ သူ့အမေကအဖေရှေ့ဆိုရင်တော့ တစ်မျိုး အဖေ့ ကွယ်ရာမှာဆိုရင်တော့တစ်မျိုး.ဒါတွေက ကျွန်တော့်အတွက်တော့ ရိုးနေပါပြီ.
ကျွန်တော့် အသက် ၁၈ နှစ်ပြည့်တော့ အိမ်ကနေ အပြီးပိုင်ထွက်ခဲ့တယ်.တစ်အိမ်လုံး နဲ့လည်း အဆက်သွယ် ဖြတ်ခဲ့တယ်.တစ်ချို့ကတော့ ကျွန်တော် အိမ်ကထွက်သွားတာပျော်နေမှာပေါ့.နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တဲ့ လက်မှတ်တွေက အခုချိန်တော့ တော်တော်အသုံးဝင်တယ်.အဝေးသင်တက်ရင်းအလုပ်လုပ်ပိုက်ဆံဆုရင်း ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်း အသေးစားလေးလုပ်နိုင်တဲ့အထိ ငွေစုမိခဲ့တယ်.လုပ်ငန်းအသေးလေးကိုပဲ ကျွန်တော့်ရဲ့ ပညာတွေ ကျွမ်းကျင်မှုတွေ ကြိုးစားမှုတွေ စုပေါင်းရင်း….
JR Market ဆိုပြီး မြန်မာနိုင်ငံရဲ့မြို့ အတော်များများ မှာ ဆိုင်ခွဲတွေဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့တယ်.အရာအားလုံး ကျွန်တော့်ရဲ့ကြိုးစားမှုနဲ့ပေါ့.

# ရှိုင်းခေတ်ကို မုန်းတဲ့သူတွေ ရှိသေးလား….. 🤔

Zawgyi….

ဟင်….ဘယ်လိုတွေလဲ

” ကိုကို

” အော်…အင်း…….😞”





” ………..”


” Put your hand in mine”



“Until i make you mine”

” ကိုကို…”

” ဟင်…”



“တကယ်နော်….. 😍”

” တကယ်ပါဗျ…. 😘 “


ယဉ်ရပ်နားစခန်း……

” ပိစိလေး ဘာစားမှာလဲ…”







” ဟုတ်….. “

ထမင်းစားနေရင်း


” ဘယ်…ဘယ်နားမှာလဲ”

” လာ…ငါလုပ်ပေးမယ်”


” ကျေး…ကျေးဇူးပဲ..”

သားသားတောင်မပေဘူး ..😁 “
.
.
.
.
.
.
.
.

တီတောင်………….


” နေနေ….ငါသွားလိုက်မယ်…”


” အော်…မင်းတို့…..


” အေး….မနက် ၇ နာရီလောက်

” OK.”

” ကိုရှိုင်း လား..”


နောက်နေ့…

” ဝါး လှလိုက်တာ



” ရေး……ကိုကိုဒီမှာကြည့်

ကိုကိုဒီမှာကြည့်…….

ကိုကို….

ကိုကို……..”


” ပတ်မှာပဲ… ဟီ😁 💦💦💦💦”


” ကိုငယ်….ဘယ်လိုနေလဲ”

” မင်းက ဘာကိုမေးနေတာလဲ “


” မင်းပြောချင်တာက…..”

အရမ်းကိုချစ်တာ”


” မဟုတ်ဘူး ကိုငယ်..

” ……. ….”




” မင်း ကသာ အလိုပြောနေတာ
မင်းအပေါ်ဘယ်လိုလဲ….”


” ……….. “

ရှိုင်းခေတ်…..




အိမ်ထဲမှာပဲနားနေလေ

” မဟုတ်တာ သားရယ်
အဟွတ်…..အဟွတ်…..”



အဟွတ်…..အဟွတ်……
အဟွတ်…….”


” အင်းပါ “
.
.
.
.
.
.
.
.
.
.

” မေမေ….မေမေ…….မေမေရေ……”





” မသောက်ရသေဘူး…သားရဲ့ “



ခွမ်း……….( ဖန်ခွက်ကွဲသံ)


မနောက်ပါနဲ့မေမေရာ….😭
မေမေ..မေမေပဲ…သား…သားကို

.
.
.
.
.
.
.
.

.
.
.
.
.

” ကဲ…သား….
သားရဲ့ မေမေ အသစ်ပေါ့..

မင်းထက်..” ဟုတ်ကဲ့ 😏”



” ဟုတ်ကဲ့ပါသခင်ကြီး










.
.
.
.
.
.
.
.
.
.


ကိုကြီးက မေးတော့…

မင်းနားမကြားဘူးလား
ကန်းနေတာလား…… “

အတင်းဆွဲလုတော့..

” မလုပ်ပါနဲ့..မယူပါနဲ့



” မလုပ်ပါနဲ့

” ဟေ့ရောင် မင်းဒီထဲဝင်.. “



” ကိုကြီး…မလုပ်ပါနဲ့
ဒီထဲမှ ကြောက်စရာကြီး
ကျွန်တော်မနေရဲဘူး….

“ညီညီ…လာသွားမယ်…”

.
.
.
.
.

သားသားကိုကယ်ပါ


သားကြောက်တယ် မေမေ…
မေမေသားကြောက်တယ်..



လာ ထွက်ခဲ…နော်..”

ကျွန်တော်ထွက်လာတော့…


ရေသောက်ပြီးတော့…




Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၀ light novel, ,

Comment

Leave a Reply

Chapter 21